-ဖုန်းကတ်နဲ့ဖုန်းခေါ်၇င်ဘာတွေ ဒုက္ခရောက်သလဲ။
- ပိုက်ဆံကုန်တာပေါ့
- ပိုက်ဆံကုန်တာမှန်ပေမယ့် မဆက်မဖြစ်ဆက်နေကြရတယ်လေ။အခုပြောပြမှာက အဲလိုအကုန်ခံဆက်ရတဲ့အခါ ကြုံရတဲ့အခက်အခဲလေးတွေကိုဖြေရှင်း
နိုင်အောင်ပါ။ဒါပေမယ့် ဖုန်းအားလုံးနဲ့တော့ မစမ်းနိုင်ပါဘူး ။ ကျွန်တော်သုံးတာက NOKIA ပါ။အဲဒီဖုန်းနဲ့တော့ အဆင်ပြေတယ်။ ကျန်တဲ့ဖုန်းတွေလည်းစမ်း
ကြည့်ရင်ရမယ်ထင်ပါတယ်။
 အဓိက ပြဿနာက ဒီလိုဗျ။ ဖုန်းခေါ်တယ်ဆိုပါတော့။ ပထမ နံပါတ်ကိုခေါ် ၊ ဘာသာ ကိုရွေး ၊ ပင်ကုတ်ထည့် ၊ ပြီးမှ လိုချင်တဲ့ နံပါတ်ကိုရိုက်ရတာမလား။
အဲဒီတော့ အဲလိုအချိန်မှာ လိုင်းမကောင်းလို့ပဲဖြစ်ဖြစ် ဟိုဘက် ဖုန်းမအားတာပဲဖြစ်ဖြစ် ခေါ်မရတဲ့အခါ တပင်တပန်းရိုက်ထားတာတွေဟာ အလဟသတ်ဖြစ်ကုန်ရော။ အဲလိုမရိုက်ရပဲ တစ်ခါ ရိုက်ထားရုံနဲ့ ထပ်ခါထပ်ခါ ခေါ်လို့ရမယ်ဆိုရင် မကောင်းဘူးလား။ အဲဒီပင်ကုတ်ကိုလည်း မှတ်နေစရာမလိုတော့ဘူးလေ အဲဒီကတ်ကိုလွင့်ပစ်လိုက်လို့ရပြီပေါ့။
နည်းကတော့ဒီလိုပါ
ဥပမာ ရန်ကုန်က 123456 ဆိုတဲ့နံပါတ်ကိုဆက်တယ်ပဲထားပါတော့။1818   ကတ်ပဲသုံးလိုက်ရအောင်။

ပထမ 1818 ကိုနှိပ်ပါ ပြီးရင်  *  ကို သုံးကြိမ်နှိပ်ပါ။ဒါဆို p လို့ပေါ်လာမှာပါ။ pause function ပါ။
ပြီးရင် 1 ကိုနှိပ်ပါ ဒါဆိုရင် အင်္ဂလိပ်ဘာသာကိုရွေးတာပေါ့။ပြီးရင် p ပေါ်လာအောင် * ကိုသုံးကြိမ်ထပ်နှိပ်ပါ။
နောက် သင့်၇ဲ့ ပင်ကုတ်ကိုရိုက်ထည့်ပါ # ကိုပါထည့်သွင်းပေးပါ။987654321# ပဲထားပါဆို့။ ပြီးရင် p ပေါ်လာအောင် * ကိုသုံးကြိမ်ထပ်နှိပ်ပါ။
နောက် သင့်၇ဲ့ ဆက်မယ့် နံပတ်ကို ရိုက်ထည့်ပါ။
ဒါဆိုပြီးပါပြီ
သင့် ဖုန်းမှာ နံပါတက် ဒီလိုပေါ်နေမှာပါ   1818p1p987654321#p951123456#
ဒါဆို အဲဒီနံပါတ်ကိုသင်ခေါ်လိုက်တိုင်း သူ့ဘာသူ လုပ်ဆောင်ပေးသွားမှာပါ။စမ်းကြည့်ပါ။ အောင်မြင်ပါစေ
အခုက nokia နဲ့ပြောပြတာပါ တခြားဖုန်းမှာ pause function ကဘယ်ခလုတ်လဲမရှာရသေးပါဘူး။ကိုယ်တိုင်ရှာကြည့်ကြပါ ။သိရင်လဲမျှဝေပေးလိုက်ပါ။
7/11/2012 01:15:29 am

Nice post dude

Reply
9/28/2012 04:57:48 am

Many thanks for information

Reply



Leave a Reply.